WELCOME to ONLINE CAMP !

4-Week Weight Loss Challenge 🔥

Online သင်တန်းတက်ပြီး လေ့ကျင့်ခန်းစလုပ်သူတွေ (၁)ပတ်အတွင်းမှာတင် ဘာတွေပြောကြလဲ ?

Online Camp ဆိုတာဘာလဲ ?
 
ဖုန်းနှင့် အင်တာနက်ရှိရုံဖြင့် (မည်သည့်အားကစားကိရိယာမှ မလိုအပ်ဘဲ ) ဖုန်းထဲမှ လေ့ကျင့်ပြသည့် လေ့ကျင့်ခန်းပုံစံအတိုင်း ကိုယ်အားသည့်အချိန်မှာ တစ်ရက်(15-20)မိနစ်ခန့် လိုက်ပါလုပ်ကာ
(၄)ပတ်အတွင်း ကျန်းမာစွာဖြင့် စတင်အဆီချဝိတ်ချလိုသူတွေအတွက် ONLINE အဆီကျသင်တန်း လေးဖြစ်ပါသည်။ BMI အရ ဝိတ်များနေသူတွေဟာ ကိုယ်ခံအားနည်းတတ်ကြတော့ စားသင့်တာစားကာ လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် ကိုယ်ခံအားကို မြင့်တင်ကာ ကျန်းမာစွာအဆီချနိုင်မည်ဖြစ်သည်။ (အစားအသောက်လမ်းညွှန်မှုလည်းပါဝင်ပါသည်။) 😍😍😍

Trailer Video

ဗီဒီယိုကို လက်ဖြင့်တစ်ချက်တို့ကြည့်နိုင်ပါတယ်ခင်ဗျာ...

 
🙋 ဘယ်လိုသင်ပေးမှာလဲ❓

သင်လိုက်လုပ်ရမည့် 🎞 online exercise video များကို member area တွင် တင်ပေးမည်ဖြစ်သည်။
သင်တန်းအစမှာ မစခင် Pre Training Videos (5)ခုကို အရင် ကြိုတင်ကြည့်ရမည်ဖြစ်ကာ သင်တန်းစရက်မှစတင်လျက် ကိုယ်အားသည့်အချိန်မှာ Exercise Video ကိုဖွင့်ကာ တစ်ပါတည်း လိုက်ပါလေ့ကျင့်ရုံပင်ဖြစ်သည်။
(အသုံးပြုရသည်မှာ လွယ်ကူကြောင်း အာမခံပါတယ်.။ )
သင့်အတွက် Done-all-for-you ဖြစ်လို့ ဘာမှ ခေါင်းစားစရာမလိုပါ။
Diet စားခိုင်းမည့်အရာများသည်လည်း ပတ်ဝန်းကျင်မှရလွယ်သည်များဖြစ်လို့ အလုပ်အပိုမရှုပ်စေပါ။

👤 ဘယ်သူသင်ကြားလေ့ကျင့်ပြသပေးမှာလဲ❓

ဗီဒီယိုလေးအား လက်ဖြင့်တစ်ချက်နှိပ်ကာ ကြည့်ရှုလိုက်ပါ။

 

🇲🇲 လက်ရှိ မြန်မာနိုင်ငံမှာ တစ်ခုတည်းသော ပထမဦးဆုံး ခန္ဓာကိုယ်ပေါင်း (300) ကျော်ကို သက်သေပြကာအဆီကျပြောင်းလဲစေခဲ့ပြီးသည့် ZTA Fitness သင်တန်း၏ အဆီကျလေ့ကျင့်နည်းကိုဖန်တီးသည့် Master Trainer ဖြစ်သူ

⚠️ရလဒ်ရသူများ၊ ပြောင်းလဲခဲ့သူများအားလုံး၏ ပေါင်ချိန်အားလုံးပေါင်းလိုက်လျှင် ( ပေါင် 20,000) ခန့်
ရှိပြီဖြစ်သည့် အဆီချ ဝိတ်ချ Project များပြုလုပ်နေသူ

🏢 လက်ရှိအနေဖြင့်လည်း online သင်တန်းတင်မက အားကစားရုံ (3)ရုံကို ဦးဆောင်နေသူ

🎥 လက်ရှိ မြန်မာနိုင်ငံမှာ ပထမဦးဆုံး အဆီကျလေ့ကျင့်စားသောက်နည်းပရိုဂရမ်အား အုပ်ရေ ၅၀၀၀ ကျော် ရောင်းချဖြန့်ဝေပြီးသော Best-selling program Creator ဖြစ်သူ

🌎 တစ်သက်တာအဆီကျဝိတ်ချကာပြောင်းလဲလိုသူတွေအတွက် Video ပေါင်း (140) ကျော်ဖြင့် အာမခံသင်ကြားပြောင်းလဲပေးနေတဲ့ Fit Life Project ၏ Online Course - Instructor ဖြစ်သူ

" Sai Zaw Tun Aung
နည်းပြနာမည် - Sayar Z " မှ လမ်းညွှန် သင်ကြားကာ လေ့ကျင့်နည်းများကို လုပ်ပြသွားမည် ဖြစ်ပါသည်။

👉 Sayar Z နဲ့အတူ 4ပတ်အတွင်း အတူဝိတ်ချနိုင်မယ့်အခွင့်အရေးဖြစ်ပါတယ်... ယခုသင်တန်းသည် ဂျင်းမဟုတ်ဘဲ အမှန်တကယ်အကျိုးပြုရန် ဘဝ ပေးပြုလုပ်နေခြင်းဖြစ်ကြောင်းကို သိနိုင်ရန်
Sayar Z profile ကိုကြည့်ရန် နှင့် ပြောင်းလဲသွားကြသူများ အယောက်၃၀၀လက်ရွေးစင်ကို ကြည့်ရန် အောက်ပါခလုတ်ကို နှိပ်ပါ

ကြည့်မည်
💴 သင်တန်းကြေးဘယ်လောက်လဲ

မူရင်းသင်တန်းကြေးမှာ - 78,000 ကျပ်ဖြစ်ပါသည်။

လက်ရှိ 100% Free ရရှိနိုင်မည့်အစီအစဉ်ရှိပါသဖြင့် အောက်တွင် ဆက်လက်ဖတ်ရှု့ကြည့်နိုင်ပါသည်ခင်ဗျာ..
🙋ဘယ်သူတွေ Join သင့်လဲ

Beginners - သင်ဟာအခုမှ လေ့ကျင့်ခန်းစလုပ်မယ့်သူဖြစ်လျှင် ပါဝင်လေ့ကျင့်သင့်ပါတယ်.. ( ပြသပေးသော လေ့ကျင့်ခန်းများအားလုံးသည် သင့်အတွက် လွယ်ကူစေမယ့် အစားထိုး modified ပုံစံများလည်း ထည့်သွင်းပေးထားသည့်အတွက် သင်လုပ်နိုင်သလောက်သာလိုက်လုပ်ရုံပါ... စိုးရိမ်စရာမရှိပါ)

Current Clients - လက်ရှိလည်း လေ့ကျင့်ခန်းကို အိမ်မှာဖြစ်စေ ကစားရုံမှာဖြစ်စေ လေ့ကျင့်နေရင်းဖြင့် ပိုမိုထိရောက်လိုသူတိုင်း တွဲဖက်လေ့ကျင့်ပေးနိုင်ပါသည်။ လုပ်နေကျတွေလုပ်ရင်း ရလဒ်တွေနှောင့်နှေးလာနေခြင်းများဖြစ်နေပါက ရလဒ်ကောင်းများပိုရလာဖို့အတွက် လာရောက်ပါဝင်join ဖို့ လိုအပ်နေပါပြီ ။ ဖိတ်ခေါ်လိုက်ပါတယ်နော်.....



🎯 သင်တန်း ဘယ်နေ့စမှာလဲ ❓

သင့်ကျန်းမာရေးအတွက် စတင်လေ့ကျင့်ပြောင်းလဲဖို့ အသင့်ဖြစ်သည်နှင့် messenger တွင် Online camp ဟု မက်ဆေ့ခ်ျ လာရောက်ပေးပို့သည်နှင့် သင်တန်းစနိုင်ပြီဖြစ်သည်။

ဘာတွေလိုအပ်ပါသလဲ ?


သင့်ဘက်က 👇
အချက် (1) ၁ရက်ကို 15-20 မိနစ်ခန့် 🎞 ပေးထားတဲ့ ဗီဒီယိုထဲကအတိုင်း ကိုယ်အားသည့်အချိန်မှာ ရသလောက် လေ့ကျင့်ခန်းအတူ ကြည့်ပြီးလိုက်လုပ်ပါ။ 🏃(အခုမှလေ့ကျင့်ခန်းစလုပ်မည့်သူများအတွက်လည်း modified လုပ်ပေးထားခြင်းများပါဝင်သည့်အတွက် မလုပ်နိုင်မှာကို စိုးရိမ်စရာမရှိပါဘူးနော်၊။ online camp လေးက သင့်အတွက် Health and fitness life ကိုစတင်တည်ဆောက်ဖြစ်ဖို့ အခွင့်အရေးလေးဖြစ်သွားစေမှာပါ)

အချက် (2) ညွှန်ကြားသည့် diet(စားသောက်နည်း) အတိုင်း နေ့စဉ်လိုက်စားပါ။ 🍱

အချက် (3) ကိုယ့်ကိုကိုယ် လုပ်နိုင်ကြောင်းကို ယုံကြည်ထားပါ။

🔜 ၄ပတ်ပြီးလျှင် သင့်ဝိတ် ကျကိုကျစေမည့်
" အာမခံ 4-week Weight loss Challenge 🔥 " ( Online Camp) လေးဖြစ်ပါတယ်

မွေးလာကတည်းက လူဆိုသည်မှာ အနေ၊အစား၊အသွား (၃)မျိုးလုံးညီမှ ကျန်းမာသည်။ အသက်ရှည်သည်။ ထို့ကြောင့် ယခုသင်တန်းလေးသည် သင့်ခန္ဓာကိုယ်အဆီကျကျန်းမာလာစေရန် လေ့ကျင့်လှုပ်ရှားမှု၊ အစားသောက်ထိန်းသိမ်းမှု နှင့် အနားယူမှု (၃)မျိုးကို ညီမျှအောင် ကြိုးစားနိုင်စေရန် ဖွဲ့စည်းထားခြင်းဖြစ်သဖြင့် သင့်ဘက်မှ "လေ့ကျင့်ခန်းမလုပ်ချင်ဘူး (သို့) အစားသောက်မပြောင်းလဲ ချင်ဘူး " စသော ဆင်ခြေတစ်ခုခုရှိခဲ့ပါက ယခုသင်တန်းသည် သင့်အတွက် မဟုတ်နိုင်ပါ။
အခြားသော သင့်ဆင်ခြေနှင့် ကိုက်ညီသည့်အရာမျိုးကို ရွေးချယ်ပါ။ သို့သော် အမြင့်မားဆုံးသော ကျန်းမာကြံ့ခိုင်သော ဘဝဆိုသည်မှာ သင်နှင့် လုံးလုံးမှ မသက်ဆိုင်တော့သည်ကို အမှတ်ရလိုက်ပါ။ ဆေးပညာများ နှင့် သိပ္ပံနည်းပညာများ ထိပ်ဆုံးမှ တိုးတက်ခေတ်မှီနေသည့် နိုင်ငံများမှာ နေထိုင်နေကြသည့် လူချမ်းသာကြီးများတောင် အားကစားနှင့် ကာယလှုပ်ရှားမှုများကို ကိုယ်တိုင်အချိန်ပေး ပြုကျင့်နေကြခြင်းသည် Exercise နှင့် Healthy Diet ၏အရေးကြီးပုံဖြစ်သည့် အမှန်တရားတစ်ခုကို သင့်ကို ပြတ်ပြတ်သားသား မြင်မိနေစေပြီဖြစ်သည်။ " ဘာမှမလုပ်ဘဲနဲ့ လိုချင်တာရနိုင်သည် " ဆိုသည့်အထဲ Fitness မပါဝင်ပါသဖြင့် အကောင်းဆုံးမှာ - မှားယွင်းသော မျှော်လင့်ချက်ဖြစ်သည့် False hope ကိုမထားဘဲ ငါလုပ်နိုင်သမျှကနေပဲ စလုပ်တော့မယ်ဆိုပြီး စိတ်ကို တုံးတုံးချထားလိုက်ပါမှ " မိုင်တစ်ထောင်ခရီးကို ခြေတစ်လှမ်းမှစ " ဆိုသည့် အမှန်ကန်ဆုံးဖြစ်သည့် သင့်ပထမခြေလှမ်းကို လှမ်းနိုင်မည်ဖြစ်သည်။ သို့မဟုတ်ပါက သင်ကိုယ်တိုင်က အလွယ်လမ်းရှာနေသူဖြစ်သည့်အတွက် အလွယ်လမ်းဖြင့် ကျက်စားနေသူတွေရဲ့ ဈေးကွက်ထဲ အသာလေးလိုက်ပါသွားရုံပါပဲ။ လေ့ကျင့်လှုပ်ရှားထိန်းသိမ်းရုံဖြင့် ဖြေရှင်းနိုင်သည့် ပြသာနာကို သိန်းပေါင်းများစွာအကုန်ခံပြီး ဖြေရှင်းခဲ့လျှင်တောင် အဆုံးသတ်စကားမှာ "နောင်လည်း လေ့ကျင့်ခန်းလေး နည်းနည်းပါးပါးလုပ်နော် " ဆိုတဲ့ စကားချင်းအတူတူပြန်ကြားရမည်ဖြစ်သလို တစ်ခုခုဖြစ်ခဲ့လျှင်လည်း ဘယ်သူအမှားမှမဟုတ်ပါ။ သင့်ကိုယ်သင် အားမကိုးသည့် သင်အမှားသာဖြစ်ပါသည်။

ထို့ကြောင့် ယခုသင်တန်းသည် " ငါ့အတွက် ရေရှည်ကျန်းမာရေးအတွက် စားသောက်၊လှုပ်ရှား ၊အနားယူ ဆိုသည့် မျှတသောနေထိုင်မှုကို စတင်ပြောင်းလဲနိုင်ဖို့အတွက် ယခုကစပြီး ငါနိုင်သလောက်ကစပြီး လေ့ကျင့်ခန်းလုပ်မယ်၊ ငါလုပ်နိုင်သမျှအစားအသောက်ကို ထိန်းသိမ်းမယ် " ဆိုသည့်သူများအတွက်သာ ဖြစ်ပါသည်။

(ပစ္စည်းကိရိယာများလုံးဝမလိုပါ)
📲 သင့်မှာ ဖုန်းရှိရင် ချက်ချင်းဝိတ်ချလို့ရပြီနော်..

 


 

Online Camp - 4week Challenge သင်တန်းအား 100% FREE ရရှိရန်အတွက်

အောက်ပါအပြာရောင်ခလုတ်လေးကို တစ်ချက်နှိပ်ကာ သင့်အားတစ်သက်တာလုံးဝိတ်ကျအဆီကျမြန်စေမည့် Online သင်တန်းလေးကို ဆက်လက်စုံစမ်းကြည့်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်...

Get Fit Now ! Online Course
Close

50% Complete

Two Step

Lorem ipsum dolor sit amet, consectetur adipiscing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua.