4-week Weight Loss Challenge (Online Camp)
⭐️⭐️⭐️⭐️⭐️
160+ Reviews
" ကျန်းမာရေးကောင်းပြီး ကျစ်လစ်လှပလာဖို့ ဘယ်ကစလုပ်ရမလဲ ဆုံးဖြတ်ရခက်နေပါသလား ? ဒီပရိုဂရမ်လေးနဲ့ဆို ပေါ့ပေါ့ပါးပါးနဲ့ စတင်နိုင်ပြီ "
စာရင်းသွင်းမယ် >
 (⭐ 98,000 ks တန်ဖိုးရှိသည်)
_____________________________
PROGRAM FORMAT
Diet Plan + Exercise Videos
VIDEO CONTENTS
17 Videos
PROGRAM LENGTH
4 Weeks
"သင်တန်းစတတ်တုန်းကတော့ အွန်လိုင်းကနေဆိုတော့ ဘယ်လိုမျိုးသင်မလဲ? အဆင်ပြေပါ့မလား? ဆိုပြီး စိုးရိမ်စိတ်တော့ဖြစ်ခဲ့တာပေါ့နော်။ ပထမရက်မှာပဲ သင်ကြားမှုနဲ့ပတ်သက်လို့ တော်တော်ကြိုက်သွားတယ်။ ဗီဒီယိုထဲက ဆရာလုပ်ပြတဲ့အတိုင်း လိုက်လုပ်ရင်း အရမ်းပင်ပန်းလာတဲ့အခါ ဆရာ့အားပေးစကား‌‌နဲ့ပဲ ပြီးအောင်လိုက်လုပ်နိုင်ခဲ့တာပါ။ ကိုယ့်ဘာသာ ဒီတိုင်းဆော့နေရင် အရှုံးပေးတာကြာပြီ။ ကိုယ်အရမ်းပင်ပန်းပြီးလက်လျှော့ချင်တဲ့အခါ ဆရာ့အားပေးစကားတွေက လက်မလျှော့ပဲ အဆုံးထိဆော့နိုင်အောင် တအားကိုပဲ ထိရောက်ခဲ့ပါတယ်။ ခုတတ်ခဲ့တဲ့အွန်လိုင်းသင်တန်းကို အရမ်းသဘောကျပါတယ်။ ဝိတ်လည်း တကယ်ကျသွားပါတယ်။ ကြည့်လို့လည်းပိုကောင်းလာပါတယ်။ ဆရာ့ကို ကျေးဇူးတင်ပါတယ်"
- Ma Kho
Online Class Member
  • သက်လုံကောင်းခြင်း  
  • ပေါ့ပါးသွက်လက်ခြင်း
  • အချိုးအစားကျလှပခြင်း သည်
ကျန်းမာရေးအတွက်သာမက - နေ့စဉ်ဘဝနေထိုင်မှု Quality ကိုလည်း မြင့်တင်ပေးပါတယ်။
ကိုယ်လက်လှုပ်ရှားမှုရှိတဲ့ ခန္ဓာကိုယ်မှာ -
  • ချွေးထွက်သည့်အတွက် အပူအပုပ်ကင်းကာ လန်းဆန်းနေစေတယ်
ဖိစီးမှုများသည့်ကာလများမှာ ( တစ်ရက် နာရီဝက်လောက်🏃 ) လေ့ကျင့်လှုပ်ရှားဖြစ်လျှင် >>> အသက်ပိုရှုမိတာကြောင့် အဆုတ်နှင့် နှလုံးကျန်းမာကြံ့ခိုင်ရေးကို တိုးတက်စေပြီး  ဦးနှောက်တွင်း အောက်စီဂျင်ပိုမိုရောက်ရှိစေကာ ကောင်းသည့်ဟော်မုန်းများထွက်စေသည့်အတွက်
  • မိမိလုပ်နေသည့်အလုပ်များကို ပိုမိုပြီးစီးအောင်မြင်စေကာ စိတ်ကိုလည်း ရွှင်လန်း တက်ကြွနေစေပါတယ်
လေ့ကျင့်ခန်းကြောင့် ကြွက်သားများအလုပ်လုပ်ရသဖြင့် သွေးလည်ပတ်မှုအားကောင်းကာ စားထားသည့်အစာအာဟာရများကို ခန္ဓာကိုယ်မှ ပိုမိုစုပ်ယူနိုင်ပြီး ကိုယ်ခံအားကို မြင့်တက်စေနိုင်သောကြောင့်
  • ကျန်းမာပေါ့ပါးကာ ၊ စိတ်ကို ကြည်လင်နေစေပါတယ်
ဒါ့ကြောင့် စိတ်နှင့်ကိုယ်ကျန်းမာရေးအတွက် 🏠အိမ်တွင်းမှာပင် ခန္ဓာကိုယ်တစ်ခုလုံးကို ထိရောက်စေမည့် လေ့ကျင့်ခန်းအစီအစဉ်တစ်ခုခုကို ပြုလုပ်ပေးနေခြင်းဟာ ယခုလိုအချိန်ကာလအတွက် အသင့်လျော်ဆုံး ကျန်းမာရေးလိုက်စားမှုပုံစံတစ်ခုပင် ဖြစ်ပါတယ်။
ယခု 𝟒-𝐖𝐞𝐞𝐤 𝐖𝐞𝐢𝐠𝐡𝐭 𝐋𝐨𝐬𝐬 𝐂𝐡𝐚𝐥𝐥𝐞𝐧𝐠𝐞 [𝐎𝐧𝐥𝐢𝐧𝐞 𝐂𝐚𝐦𝐩] မှာ -
ဖုန်းရှိရုံနဲ့( အခြားသော အားကစားကိရိယာများ မလိုအပ်ဘဲ )
ဖုန်းထဲမှ ကိရိယာလွတ် လေ့ကျင့်ခန်းဗီဒီယိုတွေကိုဖွင့်ပြီး ကိုယ်အားတဲ့အချိန်မှာ တစ်ရက်(30)မိနစ်ခန့် ဗီဒီယိုထဲကအတိုင်း လိုက်ကြည့်ရင်း လေ့ကျင့်ရုံပဲမို့ လွယ်ကူရိုးရှင်းလှသည့် ကျန်းမာရေးအဆီကျလေ့ကျင့်ခန်းပရိုဂရမ်လေး ဖြစ်ပါတယ်
👥လိုတာထက် ဝိတ်များနေသူအများစုမှာ ကိုယ်ခံအားနည်းတတ်ကြသည့်အတွက် ယခုပရိုဂရမ်လေးဖြင့် 👉 စားသင့်တာစားကာ 👉 လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် မိမိကိုယ်ခံအားကို စတင်မြင့်တင်ကာ ကျန်းမာစွာ အဆီချနိုင်ပါမယ်။
👥 ကျန်းမာရေးအတွက် ပေါ့ပေါ့ပါးပါး Full Body လှုပ်ရှားရတဲ့ လေ့ကျင့်ခန်းပရိုဂရမ်ဖြစ်တဲ့အတွက်ကြောင့် အိမ်မှာနေရင်း အညောင်းမိတာတွေ ၊ လေးလံထိုင်းမှိုင်းဖြစ်လာတာတွေ ၊ ကောင်းကောင်းမအိပ်နိုင်တာတွေ နဲ့ စိတ်ဖိစီးမှုများပြီး စိတ်မပျော်နေတာတွေကို  သက်သာပျောက်ကင်းစေနိုင်ပါတယ်။
(အစားအသောက်လမ်းညွှန်မှုလည်း ပါဝင်သည့် ပရိုဂရမ်လေးဖြစ်ပါတယ် ။)
👥 ကျန်းမာရေးအတွက် ကိုယ်လက်လှုပ်ရှားမှုသာ ပြုလုပ်လိုပြီး ဝိတ်မချလိုသူတွေအနေဖြင့်လည်း-𝟒-𝐖𝐞𝐞𝐤 𝐖𝐞𝐢𝐠𝐡𝐭 𝐋𝐨𝐬𝐬 𝐂𝐡𝐚𝐥𝐥𝐞𝐧𝐠𝐞 [𝐎𝐧𝐥𝐢𝐧𝐞 𝐂𝐚𝐦𝐩] တွင်ပါဝင်သည့် လေ့ကျင့်ခန်းဗီဒီယိုများကိုသာ သီးသန့်လိုက်ပါ ပြုလုပ်ခြင်းဖြင့် ကိုယ်ခံအားနှင့် သက်လုံကို ပိုမိုကောင်းမွန်စေနိုင်ပါတယ်။
ဘယ်သူတွေ လေ့ကျင့်သင့်လဲ❓
Beginners - ယခုမှ လေ့ကျင့်ခန်းစလုပ်မဲ့သူဖြစ်လျှင်.. ( ပြသပေးသော လေ့ကျင့်ခန်းများအားလုံးသည် ယခုမှစတင်မဲ့သူအတွက် လွယ်ကူစေမဲ့ အစားထိုး modified ပုံစံများ ထည့်သွင်းပေးထားသည့်အတွက် လုပ်နိုင်သလောက်သာလိုက်လုပ်ပြီး ပေါ့ပေါ့ပါးပါးနဲ့ အဆီကျကျန်းမာလာစေပါမယ်။ အစကောင်းစေမည်ဖြစ်သည့်အတွက် လူသစ်များအတွက် အထူးသင့်လျော်ပါတယ်။ လေ့ကျင့်ခန်းမလုပ်ဖြစ်တာကြာပြီး ယခုမှ ပြန်လည်စလုပ်မည့်သူများအတွက်လည်း အထူးသင့်လျော်ပါတယ်။
Active persons - လက်ရှိလည်း လေ့ကျင့်ခန်းကို အိမ်မှာဖြစ်စေ၊ ကစားရုံမှာဖြစ်စေ လေ့ကျင့်နေရင်းဖြင့် ပိုမိုထိရောက်လိုသူတိုင်းလည်း တွဲဖက်လေ့ကျင့်ပေးနိုင်တယ်။ အဆီကျရလဒ်ကောင်းများပိုရလာဖို့အတွက် ယခင်မိမိလုပ်နေကျလေ့ကျင့်ခန်းများဖြင့် တွဲကာ လေ့ကျင့်နိုင်မှာ ဖြစ်ပါတယ်။
သင်တန်းတက်ပြီး လေ့ကျင့်ခန်းစလုပ်သူတွေ (၁)ပတ် အတွင်းမှာတင် ဘာတွေပြောကြလဲ ?
Diet plan နှင့် Exercise Videos များ အပြည့်အစုံ ပါဝင်သည့် program လေးဖြစ်ပါတယ်
ဝိတ်ကျဖို့၊ ပိုပိန်လာဖို့ဆို ဘာတွေလိုအပ်ပါသလဲ?-
သင်တန်းသားဘက်က
  • အချက် (1) ၁ရက်ကို 30 မိနစ်ခန့် 🎞 လေ့ကျင့်ခန်းဗီဒီယိုဖွင့်ကာ ကိုယ်အားတဲ့အချိန်မှာ ရသလောက်လိုက်လုပ်ပါ။ (အခုမှလေ့ကျင့်ခန်းစလုပ်မည့်သူများအတွက်လည်း modified လုပ်ပေးထားခြင်းများပါဝင်သည့်အတွက် မလုပ်နိုင်မှာကို စိုးရိမ်စရာမရှိနိုင်ပါ၊။ online camp လေးက Health and fitness life ကိုစတင်တည်ဆောက်ဖြစ်ဖို့ ပထမခြေလှမ်းလေးဖြစ်သွားစေမှာဖြစ်ပါတယ် )
  • အချက် (2) ညွှန်ကြားသည့် diet(စားသောက်နည်း) အတိုင်း နေ့စဉ်လိုက်စားပါ။ 🍱
  • အချက် (3) ကိုယ့်ကိုကိုယ် လုပ်နိုင်ကြောင်းကို ယုံကြည်ထားပါ
" အာမခံ 4-week Weight loss Challenge " ( Online Camp) လေးဖြစ်ပါတယ်
အနေ၊အစား၊အသွား (၃)မျိုးလုံးညီမှ ကျန်းမာမယ်
မွေးလာကတည်းက လူဆိုသည်မှာ အနေ၊အစား၊အသွား (၃)မျိုးလုံးညီမှ ကျန်းမာသည်။ အသက်ရှည်သည်။
ထို့ကြောင့် ယခုသင်တန်းလေးသည် ခန္ဓာကိုယ်အဆီကျကျန်းမာလာစေရန် လေ့ကျင့်လှုပ်ရှားမှု၊ အစားသောက်ထိန်းသိမ်းမှု နှင့် အနားယူမှု (၃)မျိုးကို ညီမျှအောင် ကြိုးစားနိုင်စေရန် ဖွဲ့စည်းထားခြင်းဖြစ်သဖြင့်  " လေ့ကျင့်ခန်းမလုပ်ချင်ဘူး (သို့) အစားသောက်မပြောင်းလဲ ချင်ဘူး " စသော ဆင်ခြေတစ်ခုခုရှိခဲ့ပါက ယခုသင်တန်းသည် ထိုသူတွေအတွက် မဟုတ်နိုင်ပါ။
ထိုဆင်ခြေနှင့် ကိုက်ညီသည့် အခြားသောအရာမျိုးကိုသာ ရွေးချယ်သင့်ပါတယ်။ သို့သော် အမြင့်မားဆုံးသော ကျန်းမာကြံ့ခိုင်သော ဘဝဆိုသည်မှာ မိမိ နှင့် လုံးလုံးမှ မသက်ဆိုင်တော့သည်ကို အမှတ်ရလိုက်ပါ။
ဆေးပညာများ နှင့် သိပ္ပံနည်းပညာများ ထိပ်ဆုံးမှ တိုးတက်ခေတ်မှီနေသည့် နိုင်ငံများမှာ နေထိုင်နေကြသည့် လူသားများပင်လျှင် အားကစားနှင့် ကာယလှုပ်ရှားမှုများကို ကိုယ်တိုင်အချိန်ပေး ပြုကျင့်နေကြခြင်းမှာ Exercise နှင့် Healthy Diet ၏အရေးကြီးပုံဖြစ်သည့် အမှန်တရားတစ်ခုကို  ပြတ်ပြတ်သားသား မြင်မိနေစေပြီဖြစ်သည်။
" ဘာမှမလုပ်ဘဲနဲ့ လိုချင်တာရနိုင်သည် " ဆိုသည့်အထဲ Fitness မပါဝင်ပါသဖြင့် အကောင်းဆုံးမှာ - "ငါလုပ်နိုင်သမျှကနေပဲ စလုပ်တော့မယ် " ဆိုပြီး စိတ်ကို တုံးတုံးချထားလိုက်ပါမှ " မိုင်တစ်ထောင်ခရီးကို ခြေတစ်လှမ်းမှစ " ဆိုသည့် အမှန်ကန်ဆုံးဖြစ်သည့် မိမိ၏ပထမခြေလှမ်းကို လှမ်းနိုင်မည်ဖြစ်သည်။
(သို့မဟုတ်ပါက) မိမိကိုယ်တိုင်က အလွယ်လမ်းရှာနေသည့်အတွက် အလွယ်လမ်းဖြင့် ကျက်စားနေသူတွေရဲ့ ဈေးကွက်ထဲ အသာလေးပါသွားရုံပါပဲ။
လေ့ကျင့်လှုပ်ရှားထိန်းသိမ်းရုံဖြင့် ဖြေရှင်းနိုင်သည့် ပြသာနာကို သိန်းပေါင်းများစွာအကုန်ခံပြီး ဆေးဝါးနည်း၊ ခွဲစိတ်နည်းများဖြင့် ဖြေရှင်းခဲ့ပြီးလျှင်တောင်မှ အဆုံးသတ်စကားမှာ " နောင်မှာ လေ့ကျင့်ခန်းလေးလည်း နည်းနည်းပါးပါးလုပ်နော် " ဆိုတဲ့ စကားကိုပဲ ပြန်ကြားရမှာချင်း အတူတူဖြစ်သည်။
ထို့ကြောင့် ယခုသင်တန်းသည်
" ငါ့ရေရှည်ကျန်းမာရေးအတွက် စားသောက်၊လှုပ်ရှား ၊အနားယူ ဆိုသည့် မျှတသောနေထိုင်မှုကို စတင်ပြောင်းလဲနိုင်ဖို့အတွက် ယခုကစပြီး ငါနိုင်သလောက်ကစပြီး လေ့ကျင့်ခန်းလုပ်မယ်၊ ငါလုပ်နိုင်သမျှအစားအသောက်ကို ထိန်းသိမ်းမယ် "
ဆိုသည့်သူများအတွက်သာ ဖြစ်ပါသည်။
(ပစ္စည်းကိရိယာများလုံးဝမလိုပါ)
📲  ဖုန်းနှင့် အင်တာနက်ရှိလျှင် ချက်ချင်းကျန်းမာရေးအဆီချ၊ဝိတ်ချလို့ ရမည်ဖြစ်သည် ....
ရရှိမည့်အရာများ အကျဉ်းချုပ်
👉 လေ့ကျင့်ခန်းမစမှီသိထားရမယ့် ကြိုတင်လေ့လာစရာ နှင့် 🍱Diet plan အကြောင်း ဗီဒီယို🎥 (5)ပုဒ် နှင့်
👉 ဗီဒီယိုဖွင့်ကာ လေ့ကျင့်ခန်းလိုက်လုပ်ရန်အတွက် - မိနစ်၃၀စာ လေ့ကျင့်ခန်း ဗီဒီယို 🎥(12) ပုဒ် တို့ကို
ချက်ချင်းဝင်ကြည့်နိုင်မဲ့ သင်ကြားရေး website ၏  မန်ဘာအကောင့် ကို ရရှိမှာ ဖြစ်ပါတယ်
ထို ဗီဒီယိုပေါင်း (17)ပုဒ်သည်
🏠အိမ်မှာနေရင်း ကျန်းမာရေးလိုက်စားကာ အဆီကျဝိတ်ကျလှပလာဖို့ ပြည့်ပြည့်စုံစုံ ကူညီပေးသွားမှာ ဖြစ်ပါတယ်။
တစ်ပတ်(၁)ရက် လေ့ကျင့်ခန်းနားရမည်ဖြစ်ပြီး
အထက်ပါ ဗီဒီယို (12) ပုဒ်ကို (2)ခါပတ်ကာ လေ့ကျင့်သွားရမည်ဖြစ်သည်။ စုစုပေါင်း 4- ပတ်စာဖြစ်ပါသည်။
ထိုကဲ့သို့ 4ပတ် လေ့ကျင့်ရေးပရိုဂရမ် နှင့် Diet plan ကို ရိုးရှင်းလွယ်ကူအောင်ပြုလုပ်ပေးထားတာ ဖြစ်ပါတယ်
4-ပတ်ပြီးနောက်တွင်လည်း ဆက်လက်လေ့ကျင့်နိုင်မှာပါ။
🍀ရေရှည်ကျန်းမာရေးအတွက် တစ်သက်တာလုံး ထပ်ခါထပ်ခါ လေ့ကျင့်ပေးသွားနိုင်သည့် လေ့ကျင့်ခန်းအမျိုးအစားဖြစ်သည့်အတွက် တစ်ခါရင်းနှီးပြီး အမြဲပြန်သုံးနိုင်မှာဖြစ်ပါတယ်။
( Full Body မဟုတ်သည့် လမ်းလျှောက်ခြင်းကိုပင် တစ်သက်တာလုပ်ပေးကြလျှင် လမ်းလျှောက်တာထက် ပိုမို ထိရောက်အကျိုးပေးသည့် Full Body Exercise များသည် ပိုမို လုပ်ဆောင်ပေးသင့်လို့ ရေရှည်အကျိုးပါရစေမှာ ဖြစ်ပါတယ် )
မိမိသီးသန့် (သို့)  မိသားစုနဲ့ (သို့)  သူငယ်ချင်းနဲ့အတူလေ့ကျင့်ဖို့ ယခုပဲ အမြန်ဆုံး ဗီဒီယိုဖွင့်ကြည့်လိုက်ပါ
Frequently Asked Questions
( အောက်ပါ မေးခွန်းများကို လက်ဖြင့်တစ်ချက်ထိလိုက်ရပါမည် )
 အွန်လိုင်းသင်ခန်းစာများအထဲမှ မေးမြန်းလိုသည့်များရှိလာပါက အချိန်မရွှေး Sayar Z ၏ Official Facebook Page ဖြစ်သည့် Sai Zaw Tun Aung ပေ့ခ်ျတွင် messenger ပေးပို့မေးမြန်ုးနိုင်မှာဖြစ်ပါတယ်။ Message မြင်မြင်ချင်း Sayar Z ၏ Admin များမှ ဆရာ့လမ်းညွှန်မှုများဖြင့် ပြန်လည်ဖြေကြားပေးသွားမှာဖြစ်သည့်အတွက်  အပြည့်အဝနားလည်ကာ ရလဒ်ကောင်းရစေရန် ဆက်လက်ကူညီပေးသွားဦးမှာ ဖြစ်ပါတယ်။ Your Success is our success !
သင်ကြားရေးပုံစံများအထဲတွင် ယခု online course ပုံစံသည် အကောင်းဆုံး သင်ကြားရေးပုံစံဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော်- ကျောင်းတွင် မိမိစာသင်နေချိန် လွတ်သွားသည့်အပိုင်းများရှိပါက ဆရာကို ပြန်ရှာကာ သက်သက်ပြန်မေးရမည်ဖြစ်သည်။ ယခု သင်ကြားရေးပုံစံမှာ သင်လွတ်သွားသည်များကို ဗီဒီယိုဖွင့်ကာ ကြိုက်တဲ့အပိုင်းကို ပြန်လည်ရစ်ကြည့်နိုင်သည့်အတွက် သင်ခန်းစာများကို ပိုမိုစုပ်ယူနိုင်သည့် အားသာချက်ရှိသည်။ ထို့ပြင် အစကတည်းက အမှားနည်းအောင် ကြိုတင်သေချာ ရိုက်ကူးထားသည့် ဗီဒီယိုများ ဖြစ်သည့်အတွက် ပြီးပြည့်စုံသည့်သင်ကြားမှုများကို ရရှိမှာဖြစ်သည့်အတွက် ပိုမိုအဆင်ပြေလွယ်ကူစေမှာဖြစ်ပါတယ်။ ထို့ပြင် ဖုန်းနဲ့ အင်တာနက်ရှိရုံနဲ့ မိမိအားသည့်အချိန် နေရာမရွေး ချက်ချင်းဖွင့်ကာ လေ့လာနိုင်မည် ။ လေ့ကျင့်ခန်း လိုက်လုပ်နိုင်မည်ဖြစ်သည်။
Online Course ကို လေ့လာတဲ့ပုံစံလေးကို ဥပမာပြပေးလို့ ရမလားနော် ?
အောက်ပါ ဗီဒီယိုလေးကို လက်ဖြင့် တစ်ချက်နှိပ်ကာ ဖွင့်ကြည့်နိုင်ပါသည်။
Close
50% Complete
Two Step
Lorem ipsum dolor sit amet, consectetur adipiscing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua.