8-week Challenge ( 24/7 Fat Loss Program )

⭐️⭐️⭐️⭐️⭐️

300+ Body-Transformations Records

" ဝိတ်ကျဖို့တစ်မျိုးတည်းတင်မဟုတ်ပဲ လူသစ်တစ်ယောက်ကဲ့သို့ပြောင်းလဲချင်လျှင်တော့ အိမ်မှာပုံမှန်လုပ်လေ့ရှိတဲ့ကစားနည်းတွေနဲ့ ထင်သလောက် မထိရောက်နိုင်တော့ပါ... ဒီအတွက် ယခုပရိုဂရမ်မှ ကစားနည်းတွေက အဓိကဖြစ်လာပါတယ် "
စာရင်းသွင်းမယ် >

 (⭐ 150,000 ks တန်ဖိုးရှိသည်)

_____________________________

PROGRAM FORMAT
Diet Plan + Exercise Videos

VIDEO CONTENTS
21 Videos

PROGRAM LENGTH
8 Weeks

"ဆရာ့လေ့ကျင့်ခန်း ကစားပြီးတော့ ခန္ဓာကိုယ်ပေါ့ပါး သွက်လက်လာတယ်။ တစ်ရက်မှမပျက်ဘဲ ကစားတယ်.. ခန္ဓာကိုယ်က ကျစ်ကျစ် လစ်လစ် ဖြစ်သွားတယ်။ မတော်တဲ့အကျီတွေပြန်ဝတ်လို့ရ လာတယ်။ အမောလည်းခံနိုင်လာတယ် ။ ဆရာနဲ့ တွေ့ဆုံခွင့်ရတဲ့အတွက် ကျေးဇူးပါ.."

- Ma Nu Nu Maran
Online Class Member

၂၄-နာရီအဆီကျနည်း ဟု အလွယ်ခေါ်တဲ့ ယခု 8-week Challenge ( 24/7 Fat Loss Program ) ပရိုဂရမ်လေးမှာ သိသိသာသာ ခန္ဓာကိုယ်အဆီကျပြောင်းလဲရန်အတွက် သီးသန့်ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပါတယ်။

  • ကျွန်တော်တို့တွေ ဗိုက်အဆီကျဖို့၊ ခါးအဆီကျဖို့အတွက် လေ့ကျင့်ခန်းတွေလုပ်ကြတယ်။
    တချို့ဆို မနက်၊ ည (၂)ကြိမ်လုပ်ကြတယ်။ တချို့ဆို ၃နာရီ / ၄နာရီကြာသည်အထိကို ဇွဲကောင်းကောင်းနဲ့လုပ်ကြတယ်။

  • ကျွန်တော်အနေနဲ့ကတော့ နေ့စဉ် ဒီလိုကြိုးစားမှရမယ်.. အချိန်ပေးမှရမယ်ဆိုရင် မလုပ်ချင်ပါ။ အဘယ့်ကြောင့်ဆိုသော် တစ်ရက်တစ်ရက် လေ့ကျင့်ခန်းအတွက် အချိန် ၃/၄နာရီ ပေးရဖို့အတွက် မအားသည့်အပြင် .. အားနေလျှင်လည်း ထိုမျှလောက် အချိန်ပေးပြီးလုပ်မှ ရမယ်ဆိုတာကို လက်မခံလို့ပင် ဖြစ်သည်။

  • ကိုယ်ကိုယ်တိုင်ကလည်း အားကစားပြုလုပ်သူဖြစ်ပြီး ၃/၄နာရီကြာသည်အထိ မပြုလုပ်သည့်အတွက် အခြားသူများကိုလည်း အချိန်ကြာကြာလုပ်ဖို့ကို ဟိုးအရင်ကတည်းက အားမပေးခဲ့ပါ။

 

ဒါဆို ကိုယ့်သင်တန်းသားတွေ အချိန်တိုတိုနဲ့ သိသိသာသာ ဗိုက်ချပ်၊ခါးသေးပြီး အဆီကျပြောင်းလဲလာဖို့ကို ၊ ရလဒ်ရလာဖို့ကို ဘယ်လိုလုပ်ပေးလို့ရမလဲ? ဆိုတာကို စဉ်းစားလာရပါတော့တယ်။

 

ဒီလိုမှမစဉ်းစားခဲ့ရင် မအားသည့်ကြားမှာ ကျန်းမာရေးနှင့် အလှအပအတွက် ကိုယ့်ဆီမှာ လာရောက်လေ့ကျင့်သူတွေက မပိန်လာကြသည့်အခါ ကိုယ့်အပေါ်မှာ သူတို့ယုံကြည်မှုတွေလျော့လာကြမည်ဖြစ်ပြီး အသက်မွေးဝမ်းကြောင်းအတွက်လည်း အခက်အခဲဖြစ်သွားမည်ဖြစ်သည်။

ထိုအချိန်မှစပြီး လေ့လာသင်ယူမှုများကို အဓိကပြုလုပ်ခဲ့မိပြီး ... နောင်မှာ သိပ္ပံနည်းကျအဆီကျနည်းများကို စတင်ပြီး တီးမိခေါက်မိလာခဲ့ပါသည်။

သိပ္ပံနည်းကျအဆီကျနည်းဆိုသည်မှာ -  လေ့ကျင့်ခန်းပြုလုပ်နေသည့်အချိန်တွင် ရရှိနိုင်သည့် ရလဒ်များမှာ လူတစ်ဦးတစ်ယောက်အတွက်သာ မှန်ကန်သည့်သီအိုရီမဟုတ်ပဲ လူတိုင်းအတွက် မှန်ကန်သည့်သီအိုရီများကို ပေါင်းစုထားသည့် အဆီကျနည်းများဟု ဆိုလိုနိုင်ပါသည်။

ထို သိပ္ပံနည်းကျအဆီကျနည်းကို စတင်အသုံးပြုခဲ့သည့်အချိန်မှစပြီး ကျွန်တော်ဖွင့်သည့် သင်တန်းများသည် ပြောင်းလဲလို့လာခဲ့သည်။

အဘယ့်ကြောင့်ဆိုသော် -


အချက်(၁) သင်တန်းသားများအနေနဲ့ ယခင်လို ၃/၄နာရီကြာအောင် လေ့ကျင့်ခန်းလုပ်စရာမလိုပဲ တစ်ရက် ၄၅-မိနစ်သာလျှင် အချိန်ပေးရတော့သည်။

ဒီအချက်ကို သူတို့တွေ တော်တော်ကြိုက်ခဲ့ကြသည်။ တစ်ရက် ၂-နာရီလောက်ပင် လေ့ကျင့်ခန်းအတွက် အချိန်ချွေတာနိုင်ခဲ့လျှင် တစ်ပတ်မှာ စုစုပေါင်း ၁၄-နာရီခန့်လောက်အထိ သူတို့ကိုယ်ကို သူတို့အတွက် သီးသန့်အချိန်ပြန်ပေးနိုင်ကြပြီမို့ ဖြစ်သည်။ (စာဖတ်မလား? ဂိမ်းနှိပ်မလား ? အလုပ်လုပ်မလား ? မိသားစုကို အချိန်ပေးမလား ? အစရှိတဲ့ မိမိကြိုက်ရာလုပ်ဖို့အဖိုးတန်အချိန်တွေပိုရလာသည့်အတွက် ယခုနည်းကို ပိုကြိုက်သွားကြခြင်းဖြစ်သည်။)


အချက်(၂) အချိန်ပေးရတာနည်းတယ် ။ ဒါပေမဲ့ ရလဒ်က (၃)ဆတောင် ပိုရတယ် ။

ပုံမှန်လုပ်ရင် (၉)လ လောက်ရတဲ့ ပြောင်းလဲမှုကို (၃)လနဲ့ရကြလေ့ရှိလို့်ဖြစ်ပါတယ်။ (၃)ဆဆိုလို့ မယုံသင်္ကာဖြစ်မှာစိုးလို့ ကျွန်တော်ပြောတာကို အရင်နားထောင်ကြည့်စေချင်ပါတယ်။
ဒီလိုပါ။ ပုံမှန်ဆိုရင် ကျွန်တော်တို့ လေ့ကျင့်ခန်းလုပ်ရင် ကိုယ်လေ့ကျင့်ခန်းလုပ်နေတဲ့ (၁)နာရီ မှာပဲ ကယ်လိုရီလောင်ကျွမ်းပြီး အဆီကျပါတယ်။ ဒါဆို ကိုယ်က (၃)နာရီ အဆီကျချင်ရင် (၃)နာရီလေ့ကျင့်ခန်းလုပ်ရမယ် ဆိုတဲ့သဘော ဖြစ်ပါတယ်။ ဒါက ပုံမှန်နည်းနဲ့ရတဲ့ ရလဒ်သဘောဖြစ်ပါတယ်။ ယခုအဆီကျနည်းမှာတော့ သူနဲ့ ဆန့်ကျင်ဘက်ဖြစ်ပါတယ်... ဒါအတွက် ကျွန်တော် မေးခွန်းတစ်ခုမေးပါရစေ..


" အကယ်၍ လေ့ကျင့်ခန်းကို ၄၅ မိနစ်ပဲလုပ်ရမယ်။ ဒါပေမဲ့ အဲဒီလုပ်နေတဲ့ ၄၅ မိနစ်မှာ ကယ်လိုရီ သိပ်မလောင်ကျွမ်းဘူး ၊ အဆီသိပ်မကျဘူး။ ဟုတ်ပါတယ်..   လုပ်နေတုန်းမှာ သိပ်အဆီမကျ၊ ကယ်လိုရီများများ သိပ်မလောင်ကျွမ်းစေပါ။
သို့သော် လေ့ကျင့်ခန်းလုပ်ပြီးသွားရင်တော့  နောက်ထပ် ၄၈နာရီကြာအောင် ကယ်လိုရီကို ဆက်လက်ပြီးလောင်ကျွမ်းနေစေမယ် .. ကိုယ်ညအိပ်နေတဲ့အချိန်မှာတောင် ခန္ဓာကိုယ်က သူဘာသာ ခါတိုင်းထက် ကယ်လိုရီပိုလောင်ကျွမ်းစေပြီး အဆီကျနေစေမယ်ဆိုရင် ပိုကောင်းတယ်မဟုတ်လားခင်ဗျာ? "

ဟုတ်ပါတယ်.. အခြားပုံမှန်နည်းတွေလို လေ့ကျင့်နေချိန်မှာသာ အဓိကကယ်လိုရီလောင်ကျွမ်းပြီး အခြားကိုယ်လေ့ကျင့်ခန်းမလုပ်တဲ့အချိန်မှာ ဘာမှမထူးခြားတော့တာမျိုးမဟုတ်ပဲ >> လေ့ကျင့်ခန်းလုပ်ပြီးနောက်မှာမှ နောက်ထပ် (၄၈)နာရီကျော်သည်အထိ အပိုဆက်လက်လောင်ကျွမ်းပေးနေမယ့်ပုံစံမျိုးဖြစ်ပါတယ်။ အချိန်တိုတိုလုပ်ပြီး ရလဒ်များများရစေတဲ့ လေ့ကျင့်မှုပုံစံမျိုးဖြစ်ပါတယ်။ ဒီအချက်ကြောင့် ရလဒ်က အမှန်မှာ (၃)ဆပင်မကဖြစ်ပါတယ်။
ထိုအဆီနည်းကို စတင်အသုံးပြုခဲ့သည့်အချိန်မှစပြီး အောက်ဖော်ပြပါပုံများအတိုင်း သင်တန်းသားများ ပြောင်းလဲသွားခဲ့ကြပါတယ်။ (မှတ်ချက်။  ။ မည်သည့်လေ့ကျင့်ခန်းကတော့ ကောင်းတယ်၊မကောင်းတယ်ကို အဓိကဖော်ပြလိုခြင်းမဟုတ်ပါ။ ကျန်းမာရေးအတွက် မည်သည့်လေ့ကျင့်ခန်းအားကစားကိုပဲလုပ်လုပ် အားကစားတိုင်းသည် ကောင်းကျိုးပေးပါသည်။ ယခုမှာ ဗိုက်အဆီကျပြောင်းလဲလိုသူများအတွက် ပိုမိုထိရောက်စေသည့် လက်တွေ့ရလဒ်များရပြီးဖြစ်သည့် နည်းရှိကြောင်းကို ဖော်ပြပေးလိုခြင်းသာ ဖြစ်ပါသည်။ )


အချက်(၃) အဆီကျပြောင်းလဲဖို့အတွက် စားရတဲ့အစားအစာတွေက ခက်ခက်ခဲခဲရှာစရာမလိုပဲ ပတ်ဝန်းကျင်မှ ရလွယ်တာတွေဖြစ်သည့်အတွက် လိုက်ပါလုပ်ဆောင်ရတာလွယ်ကူလာသောကြောင့် တက်ရောက်ခဲ့သူ အများစု ရလဒ်ကောင်းများ ပိုရလာခဲ့ကြပါတယ်။

သင်တန်းသားများအတွက် ဝိတ်ကျဖို့နှင့် ဗိုက်အဆီကျလာဖို့ ယခု ၈-ပတ်ကြာသည့် (၂၄)နာရီ အဆီကျလေ့ကျင့်ခန်းနဲ့ တွဲစားရမယ့်အစားအစာ plan များကို ...  " နေ့စဉ်ဘာစားမှ ဖြစ်မယ် ၊ ဘာမစားရဘူးဆိုပြီး " ဖိအားဖြစ်စေတတ်တဲ့ တင်းကျပ်သည့် strict plan များမပေးပဲ မိမိဘာသာအလွယ်တကူရွေးချယ်တတ်အောင် အဓိကထားလမ်းညွှန်ပေးသည့်အတွက် အစားအတွက် ဖိအားနည်းကာ ရောက်ရာအရပ်မှာ ကောင်းမွန်ဆီလျော်အောင် ရွေးချယ်စားလာတတ်ကြသည့်အတွက် တဖြည်းဖြည်းဖြင့် ရလဒ်များ သိသိသာသာပိုကောင်းလာခဲ့ကြပါသည်။

 


 

၂၄နာရီ အဆီကျနည်းဖြင့် (၈)  ပေါင်မှ ပေါင် (၁၄၀) အတွင်းထိ ကျပြီး အကောင်းဆုံးပြောင်းလဲခဲ့ကြသူများ

Diet plan နှင့် Exercise Videos များ အပြည့်အစုံ ပါဝင်သည့် program လေးဖြစ်ပါတယ်

ယခု ၂၄နာရီအဆီကျနည်းဖြင့် ပြောင်းလဲပိန်သွယ်လာဖို့ဆို ဘာတွေလိုအပ်ပါသလဲ?-

 

သင်တန်းသားဘက်က

  • အချက် (1) ၁ရက်ကို 45 မိနစ်ခန့် 🎞 လေ့ကျင့်ခန်းဗီဒီယိုဖွင့်ကာ ကိုယ်အားတဲ့အချိန်မှာ ရသလောက်လိုက်လုပ်ပါ။ (အခုမှလေ့ကျင့်ခန်းစလုပ်မည့်သူများအနေဖြင့် 4-week program လေးကို အရင်တက်ပြီးမှ စတင်လေ့ကျင့်ဖို့ကို အကြံပြုလိုပါသည်။ 4-week program ဖြင့် အခြေခံသက်လုံနှင့် ကြံ့ခိုင်ရေးကို စတင်တည်ဆောက်ပြီးမှ ယခု Body Transformation Challenge ကို စတင်ခြင်းသည် ပိုမိုသင့်လျော်မည်ဖြစ်သည်။)
  • အချက် (2) ညွှန်ကြားသည့် မိမိအရပ်အမြင့်အရစားရမည့် diet(စားသောက်နည်း) အတိုင်း နေ့စဉ်လိုက်စားပါ။ 🍱
  • အချက် (3) အမျိုးသားအနေဖြင့် Dumbbell ဘားတိုအလေးတုံး (15) ပေါင် ၁စုံ(၂တုံး) လိုအပ်မည်ဖြစ်ပြီး အမျိုးသမီးအနေဖြင့် (10) ပေါင် ၁စုံ(၂တုံး) လိုအပ်မည်ဖြစ်သည်။
  • အချက် (4) ကိုယ့်ကိုကိုယ် လုပ်နိုင်ကြောင်းကို ယုံကြည်ထားပါ

 

၈ပတ်ပြီးရင် ဝိတ်ကျ၊ အဆီကျကာ သိသိသာသာခါးသေးဗိုက်ချပ်ပြီး ပြောင်းလဲလှပလာစေမည့် " အာမခံ 8-week Challenge " ( 24/7 Fat loss Program ) ဖြစ်ပါသည်။

 

အစားနှင့် လေ့ကျင့်ခန်းတွဲလုပ်ခြင်းက ပြောင်းလဲဖို့အဓိကဖြစ်တယ်

Short Interview

ယခု 8-week Challenge ( 24/7 Fat Loss Program ) ပရိုဂရမ်လေးဖြင့် အိမ်မှာလေ့ကျင့်ကာ (၄၅) ပေါင် ကျပြီး ပြောင်းလဲသွားခဲ့သည့် သင်တန်းသားများထဲမှ အသက်အငယ်ဆုံးဖြစ်သည့် ညီလေး Thaw Si Than နဲ့ Sayar Z တို့၏ အင်တာဗျုးဗီဒီယိုအတိုလေးကို အောက်ပါခလုတ်လေးအား တစ်ချက်နှိပ်ကာ ကြည့်ရှုနိုင်ပါပြီ..

 

ရရှိမည့်အရာများ အကျဉ်းချုပ်

👉 လေ့ကျင့်ခန်းမစမှီသိထားရမယ့် ကြိုတင်လေ့လာစရာ နှင့် 🍱Diet plan အကြောင်း ဗီဒီယို🎥 (၁၁) ပုဒ် နှင့်

👉 Challenge မစမှီ လေ့ကျင့်ခန်းလုပ်သည့်ပုံစံ မှန်ကန်ရန်အတွက် လေ့ကျင့်ခန်းလုပ်ပုံ သင်ကြားရေးဗီဒီယို 🎥(၂) ပုဒ်

👉 Challenge ဖြင့် အဆီကျပြောင်းလဲသွားစေရန် အောင်နိုင်သူစိတ်ဓာတ်အကြောင်း ဗီဒီယို 🎥(၄) ပုဒ်

👉 ဗီဒီယိုဖွင့်ကာ လေ့ကျင့်ခန်းလိုက်လုပ်ရန်အတွက် မတူညီသည့် ၄၅ မိနစ်စာ လေ့ကျင့်ခန်း(၄)မျိုး ဗီဒီယို 🎥(၄) ပုဒ်

👉 ၈-ပတ် ကာလအတွင်း အထက်ပါ ၂၄နာရီအဆီကျလေ့ကျင့်ခန်း (၄)မျိုးကို မည်သည့်ရက်တွက် မည့်သည့်ဗီဒီယိုကိုဖွင့်ကာလေ့ကျင့်ရမည်ကို ညွှန်ပြထားသည့် 8-Week Workout Calendar ဖိုင် (၁) ဖိုင်

👉မိမိပြောင်းလဲမှုများကို မှတ်တမ်းယူထားရန် အတိုင်းဖိုင်နှ င့် Tracking ဖိုင် (၂) ဖိုင်

👉မိမိအရပ်အမြင့်အလိုက် စားသောက်ပေးရမဲ့အစားအစာများ၏ စားချိန်ကို ပြပေးထားသည့် Diet Paper ဖိုင် (၁)ဖိုင် တို့ကို


ချက်ချင်းဝင်ကြည့်နိုင်မဲ့ သင်ကြားရေး website ၏  မန်ဘာအကောင့်ကို ရရှိမှာ ဖြစ်ပါတယ်


 

ထို ဗီဒီယိုပေါင်း (20)ပုဒ်သည်

🏠အိမ်မှာနေရင်း မိမိကိုယ်ကို လူသစ်တစ်ယောက်ကဲ့သို့အဆီကျဝိတ်ကျလှပလာဖို့ကို ပြည့်ပြည့်စုံစုံ ကူညီပေးသွားမှာ ဖြစ်ပါတယ်။

တစ်ပတ်(၁)ရက် လေ့ကျင့်ခန်းနားရမည်ဖြစ်ပြီး စုစုပေါင်း 8-ပတ်စာ ဖြစ်ပါသည်။
 
ထိုကဲ့သို့ 8-ပတ် လေ့ကျင့်ရေးပရိုဂရမ် နှင့် Diet plan ကို ရိုးရှင်းလွယ်ကူအောင်ပြုလုပ်ပေးထားတာ ဖြစ်ပါတယ်

8-ပတ်ပြီးနောက်တွင်လည်း ဆက်လက်လေ့ကျင့်နိုင်မှာပါ။

🍀ရေရှည်ကျန်းမာရေးအတွက် တစ်သက်တာလုံး ထပ်ခါထပ်ခါ လေ့ကျင့်ပေးသွားနိုင်သည့် လေ့ကျင့်ခန်းအမျိုးအစားဖြစ်သည့်အတွက် တစ်ခါရင်းနှီးပြီး အမြဲပြန်သုံးနိုင်မှာဖြစ်ပါတယ်။
( Full Body မဟုတ်သည့် လမ်းလျှောက်ခြင်းကိုပင် တစ်သက်တာလုပ်ပေးကြလျှင် လမ်းလျှောက်တာထက် ပိုမို ထိရောက်အကျိုးပေးသည့် Full Body Exercise များသည် ပိုမို လုပ်ဆောင်ပေးသင့်လို့ ရေရှည်အကျိုးပါရစေမှာ ဖြစ်ပါတယ် )

Frequently Asked Questions

( အောက်ပါ မေးခွန်းများကို လက်ဖြင့်တစ်ချက်ထိလိုက်ရပါမည် )

 အွန်လိုင်းသင်ခန်းစာများအထဲမှ မေးမြန်းလိုသည့်များရှိလာပါက အချိန်မရွှေး Sayar Z ၏ Official Facebook Page ဖြစ်သည့် Sai Zaw Tun Aung ပေ့ခ်ျတွင် messenger ပေးပို့မေးမြန်ုးနိုင်မှာဖြစ်ပါတယ်။ Message မြင်မြင်ချင်း Sayar Z ၏ Admin များမှ ဆရာ့လမ်းညွှန်မှုများဖြင့် ပြန်လည်ဖြေကြားပေးသွားမှာဖြစ်သည့်အတွက်  အပြည့်အဝနားလည်ကာ ရလဒ်ကောင်းရစေရန် ဆက်လက်ကူညီပေးသွားဦးမှာ ဖြစ်ပါတယ်။ Your Success is our success !

သင်ကြားရေးပုံစံများအထဲတွင် ယခု online course ပုံစံသည် အကောင်းဆုံး သင်ကြားရေးပုံစံဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော်- ကျောင်းတွင် မိမိစာသင်နေချိန် လွတ်သွားသည့်အပိုင်းများရှိပါက ဆရာကို ပြန်ရှာကာ သက်သက်ပြန်မေးရမည်ဖြစ်သည်။ ယခု သင်ကြားရေးပုံစံမှာ သင်လွတ်သွားသည်များကို ဗီဒီယိုဖွင့်ကာ ကြိုက်တဲ့အပိုင်းကို ပြန်လည်ရစ်ကြည့်နိုင်သည့်အတွက် သင်ခန်းစာများကို ပိုမိုစုပ်ယူနိုင်သည့် အားသာချက်ရှိသည်။ ထို့ပြင် အစကတည်းက အမှားနည်းအောင် ကြိုတင်သေချာ ရိုက်ကူးထားသည့် ဗီဒီယိုများ ဖြစ်သည့်အတွက် ပြီးပြည့်စုံသည့်သင်ကြားမှုများကို ရရှိမှာဖြစ်သည့်အတွက် ပိုမိုအဆင်ပြေလွယ်ကူစေမှာဖြစ်ပါတယ်။ ထို့ပြင် ဖုန်းနဲ့ အင်တာနက်ရှိရုံနဲ့ မိမိအားသည့်အချိန် နေရာမရွေး ချက်ချင်းဖွင့်ကာ လေ့လာနိုင်မည် ။ လေ့ကျင့်ခန်း လိုက်လုပ်နိုင်မည်ဖြစ်သည်။

Online Course ကို လေ့လာတဲ့ပုံစံလေးကို ဥပမာပြပေးလို့ ရမလားနော် ?

အောက်ပါ ဗီဒီယိုလေးကို လက်ဖြင့် တစ်ချက်နှိပ်ကာ ဖွင့်ကြည့်နိုင်ပါသည်။

 
Close

50% Complete

Two Step

Lorem ipsum dolor sit amet, consectetur adipiscing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua.