Immune Boost 3-Day Challenge

⭐️⭐️⭐️⭐️⭐️

ယခုချဲလန့်မှာ ကိုဗစ်ကာလအတွင်း Sayar Z မှ ကိုယ်ခံအားမြင့်တက်စေရန်အတွက် ပြုလုပ်ခဲ့သည့် ပရိုဂရမ်လေးဖြစ်ပါတယ်။ ယခုချဲလန့်အား လေ့လာခြင်းအားဖြင့် မိမိတစ်ဘဝလုံးကျန်းမာတက်ကြွစေမဲ့ လျှို့ဝှက်ချက်များကို သိရှိနိုင်မှာ ဖြစ်ပါတယ်။ ထပ်ပေါင်း ကောင်းကျိုးရလဒ်အနေဖြင့် မိမိအဆီချဝိတ်ချသည့်အခါ အဆီကျဝိတ်ကျလာဖို့ကို ပိုမိုလွယ်ကူလာစေမှာဖြစ်ပါတယ်။ တစ်ခါလေ့လာရုံနဲ့ တစ်သက်တာ အကျိုးဖြစ်စေမှာဖြစ်ပါတယ်။ " မသိသူကျော်သွား၊ သိသူဖော်စား " ဆိုသည့်စကားအတိုင်း ဗီဒီယိုအစပိုင်းမှာ ပိုမိုအာရုံစိုက်ကြည့်ရှု့ရပေမဲ့ အဆုံးသတ်ရောက်လာသည်နှင့်အမျှ သာမန်သူထက် သင့်ကို ကျန်းမာလှပအောင်မြင်ခြင်းဆိုင်ရာ စိတ်ဓာတ်နဲ့ ယုံကြည်မှုကို မြင့်တင်ပေးမည့် စွမ်းအားထက် ပရိုဂရမ် ဖြစ်ပါသည်။

စာရင်းသွင်းမယ် >

 (⭐ 98,000 ks တန်ဖိုးရှိသည်)

_____________________________

COURSE FORMAT
4 Chapters

VIDEO CONTENTS
20 Videos

COURSE LENGTH
295 Minutes

" ကျွန်တော့်ကို (၃)နာရီ သာ အချိန်ပေးပါ ။ ၃-ရက်အတွင်း

သင့်ကိုယ်ခံအားစနစ် ပိုမိုသန်မာလာစေဖို့ ကတိပေးတယ် .. "

Immune Boost ၃-ရက် Challenge Program ကို ပြုလုပ်ဖြစ်ခဲ့တဲ့ အကြောင်းရင်းမှာ -


2020 နှစ်အစပိုင်း ကိုဗစ်ပိုးများ Global တစ်ဝှမ်း ပြန့်ပွားခဲ့ချိန်မှစတင်ပြီး ယခုအချိန်တိုင်အောင် ပုံမှန်လေ့ကျင့်ခန်းလုပ်လေ့ရှိကြတဲ့၊ အဆီချဝိတ်ချကြတဲ့ ကျွန်တော့်မိတ်ဆွေများမှာ ရောဂါပိုးမကူးစက်နိုင်ဖို့ အထိအရောက်ဆုံးကာကွယ်ရန် ကိုယ်ခံအားမြင့်တက်နေအောင် မည်သို့ နေထိုင်ပြုမူရမည် ကို စိုးရိမ်တကြီးဖြင့် လာရောက်မေးမြန်းခဲ့ကြသလို ကိုဗစ် ဖြစ်ပြီးသွားသူများကလည်း နောက်တစ်ခေါက်မဖြစ်အောင် မိမိကိုယ်ခံအားကို မည်သို့ စောင့်ရှောက်ရမည်ကိုလည်း အပူတပြင်း မေးမြန်းခဲ့ကြပါသည်။

Social media မှာ တွေ့ရှိနေရသည့် သတင်းအချက်အလက်များနဲ့တင် မလုံလောက်ဘဲ .. လက်တွေ့လုပ်ဆောင်ဖို့ကို ပိုမိုတွန်းအားဖြစ်စေမည့်အပြင် ယခုကိုဗစ်ရောဂါကပ်ဆိုးကာလအတွက် ပိုမိုထိရောက်မည့် သင့်လျော့်သည့် ပြည့်ပြည့်စုံစုံနဲ့ ထဲထဲဝင်ဝင် ပိုမိုလေ့လာလုပ်ဆောင်နိုင်စေမည့် အစီအစဉ်သစ်လေးတစ်ခုကို ပြုလုပ်ပေးဖို့ကို တောင်းဆိုကြသည့်အတွက် ကျွန်တော်  ယခု Immune Boost 3-Day Challenge သင်တန်းလေးကို သီးသန့်အချိန်ပေးကာ ပြင်ဆင်ပြုလုပ်ဖြစ်ခဲ့ခြင်းဖြစ်ပါသည်။



အဓိကအကြောင်းအရင်း နောက်တစ်ချက်မှာ -

ကိုဗစ်ရောဂါပိုးသည် ခံနိုင်ရည်ပိုမိုရှိသည့် မျိုးကွဲပုံစံများအနေဖြင့် ပြောင်းလဲကာ တစ်လှိုင်းပြီးတစ်လှိုင်း ပြင်းပြင်းထန်ထန် ပြန့်ပွားကူးစက်နေဦးမည့် အလားအလာရှိနေနိုင်သေးသည်ကို သိရှိထားရသဖြင့် ရောဂါပိုး နှင့်အတူ ထင်ထားသည်ထက် ရေရှည်ယှဉ်တွဲနေထိုင်တတ်ပါမှ ကျန်းမာတော့မည့် အခြေအနေသစ် ဖြစ်လာနေပါသည်။ သက်ဆိုင်ရာဆရာဝန်များ ၊ ဆေးပညာဆိုင်ရာ ကျွမ်းကျင်သူများ ၊ နှင့် သုတေသနပြုကြသူများမှလည်း မိမိကိုယ်ခံအားကောင်းရန်သာ အဓိကဖြစ်သည်ကို ပြောကြားခဲ့ပြီးဖြစ်သည်။

ဖြစ်ပွားသည့် ကိုဗစ်ပိုးခြင်းအတူတူ... ခံရတာခြင်း မတူသည်မှာ လူတစ်ဦးနှင့်တစ်ဦး ကိုယ်ခံအား ကွာခြားခြင်းကြောင့် ဖြစ်သည်။ ရောဂါအခံတစ်ခုခုရှိသူများမှာ ကိုယ်ခံအား ပိုမိုကျဆင်းတတ်လေ့ရှိသည့်အတွက် ပိုမို ခံစားရပါသည်။ ရောဂါပိုမိုပြင်းထန်ကြပါသည်။

မိမိမှာ ကိုယ်ခံအားကောင်းနေပါက ကူးစက်ဖို့ ခက်ခဲစေမည့်အပြင် .. ကူးစက်ခံခဲ့ရပါကလည်း Recovery မြန်ကာ ပိုမိုသက်သာစေမည်ဖြစ်သည်။

ထို့ကြောင့် ကိုဗစ်ရောဂါ ဖြစ်လာရင် ဘယ်လိုလုပ်မလဲ ? ကိုဗစ်ဖြစ်ပြီး နောက်တစ်ခေါက်ဖြစ်ရင် ဘယ်လိုလုပ်မလဲ ? ဘယ်လိုတွေ အကုန်ခံမယ် ဆိုသည်များအား တွေးပူနေခြင်းထက် မိမိကိုယ်ခံအားကို မည်သို့ အမြင့်မားဆုံး မြင့်တင်ရမည်ကို လေ့လာပြီး ပြင်ဆင်ထားခြင်းသည်သာ ပိုမိုကောင်းမွန်သည့် ရွေးချယ်မှုဖြစ်သည်ကို ကိုယ်တိုင်လည်းယုံကြည်သည့်အတွက် ယခု  Immune Boost 3-Day Challenge လေးကို ပြုလုပ်ကာ ကိုယ်ခံအားစနစ် အရှိန်မြင့်တင်ခြင်းဆိုင်ရာ လေ့လာသိရှိထားသမျှ အသိပညာများကို မျှဝေခဲ့ပါသည်။ အဓိကမှာ မိမိကျန်းမာရေးနှင့် ကိုယ်ခံအားအပေါ် ယုံကြည်မှုသစ်များ ဖြစ်ပေါ်လာစေရန် နည်းလမ်းပေးမည် ဖြစ်သည်။

ရောဂါသည် ကြိုတင်လက္ခဏာပြသည်။  ထိုအချိန် မိမိကိုယ်ခံအားသည် တိုက်ထုတ်လို့အောင်မြင်သွားရင် ဖြစ်လာချိန်တွင် သက်သာလှပါသည်။ ထို့ကြောင့်  မိမိမှာ ပြင်ဆင်ချိန်ရှိပါသည်။ မည်သို့ ပြုလုပ်သင့်သည်ကို သိရှိထားလျှင် ကြောက်စိတ်ကို ပယ်နိုင်စေမည်ဖြစ်သည်။ ကိုယ်တိုင်လည်း လက်တွေ့လုပ်ဆောင်ရင်း ကောင်းကျိုးများစွာရရှိစေခဲ့သည့် အသိပညာများအားမျှဝေခြင်းအားဖြင့် သင့်အား လွတ်လွတ်လပ်လပ် ကြောက်စိတ်ကင်းကင်းဖြင့် စီးပွားရေး ၊ လူမှုရေး ၊ ပညာရေး ၊ လူမျိုးရေး များကို ဆက်လက်လုပ်ကိုင်နိုင်စေဖို့ ခွန်အားဖြစ်သွားစေနိူင်မည့် ယခု Immune Boost 3-Day Challenge ကို ပြင်ဆင်ဖွင့်လှစ်ဖြစ်ခဲ့ခြင်း ဖြစ်ပါသည်။

Immune Boost 3-Day Challenge မှာ သင်ရရှိမည်များမှာ -

 

၃-ရက် Challenge ကို ပြီးဆုံးအောင် လုပ်နိုင်ဖို့ကြိုးစားပါ။ ဒါဆိုရင် သင့်ကျန်းမာရေးအပေါ်ယုံကြည်မှု လျော့စရာအကြောင်း မရှိတော့ပါ။

ယခင်ဖွင့်လှစ်ခဲ့သည့် သင်တန်းများမှ သင်တန်းသူ/သင်တန်းသားများ၏ အမှတ်တရစကားအချို့

Frequently Asked Questions

( အောက်ပါ မေးခွန်းများကို လက်ဖြင့်တစ်ချက်ထိလိုက်ရပါမည် )

No! သင်အားသည့်အချိန်မှာ အချိန်မရွေး ဝင်ရောက်ကြည့်နိုင်အောင် video တွေကို ထားပေးထားမည်ဖြစ်သည်။ မိမိအားသည့်အချိန်မှသာ အေးအေးဆေးဆေးကြည့်ရှုလေ့လာရင်းဖြင့် ကျန်းမာရေးကောင်းကျိုးတွေကို ရရှိစေရန် design လုပ်ထားခြင်းဖြစ်ပါတယ် ။ သင်တန်းအပ်ပြီးသည်နဲ့ ချက်ချင်းကြည့်ရှုလေ့လာနိုင်မှာဖြစ်ပါတယ်

သင်ကြားရေးပုံစံများအထဲတွင် ယခု online course ပုံစံသည် အကောင်းဆုံး သင်ကြားရေးပုံစံဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော်- ကျောင်းတွင် မိမိစာသင်နေချိန် လွတ်သွားသည့်အပိုင်းများရှိပါက ဆရာကို ပြန်ရှာကာ သက်သက်ပြန်မေးရမည်ဖြစ်သည်။ ယခု သင်ကြားရေးပုံစံမှာ သင်လွတ်သွားသည်များကို ဗီဒီယိုဖွင့်ကာ ကြိုက်တဲ့အပိုင်းကို ပြန်လည်ရစ်ကြည့်နိုင်သည့်အတွက် သင်ခန်းစာများကို ပိုမိုစုပ်ယူနိုင်သည့် အားသာချက်ရှိသည်။ ထို့ပြင် အစကတည်းက အမှားနည်းအောင် ကြိုတင်သေချာ ရိုက်ကူးထားသည့် ဗီဒီယိုများ ဖြစ်သည့်အတွက် ပြီးပြည့်စုံသည့်သင်ကြားမှုများကို ရရှိမှာဖြစ်သည့်အတွက် ပိုမိုအဆင်ပြေလွယ်ကူစေမှာဖြစ်ပါတယ်။ ထို့ပြင် ဖုန်းနဲ့ အင်တာနက်ရှိရုံနဲ့ မိမိအားသည့်အချိန် နေရာမရွေး ချက်ချင်းဖွင့်ကာ ေ့လလာနိုင်မည် ။ ေ့လကျင့်ခန်း လိုက်လုပ်နိုင်မည်ဖြစ်သည်။

 အွန်လိုင်းသင်ခန်းစာများအထဲမှ မေးမြန်းလိုသည့်များရှိလာပါက အချိန်မရွှေး Sayar Z ၏ Official Facebook Page ဖြစ်သည့် Sai Zaw Tun Aung ပေ့ချ်တွင် messenger ပေးပို့မေးမြန်ုးနိုင်မှာဖြစ်ပါတယ်။ Message မြင်မြင်ချင်း Sayar Z ၏ Admin များမှ ဆရာ့လမ်းညွှန်မှုများဖြင့် ပြန်လည်ဖြေကြားပေးသွားမှာဖြစ်သည့်အတွက်  အပြည့်အဝနားလည်ကာ ရလဒ်ကောင်းရစေရန် ဆက်လက်ကူညီပေးသွားဦးမှာ ဖြစ်ပါတယ်။ Your Success is our success !

အောက်ပါ ဗီဒီယိုလေးကို လက်ဖြင့် တစ်ချက်နှိပ်ကာ ဖွင့်ကြည့်နိုင်ပါသည်။

 

ကျွန်တော်သည် ချက်ချင်းကျန်းမာ ချက်ချင်းကြံ့ခိုင်လှပစေသည့် နည်းများအပေါ် အယုံအကြည်မရှိပါ။ ကြိုးစားမှု ၊ ကောင်းကျိုးပြုမှု နှင့် တစ်ဖက်သားအပေါ် ကောင်းသောတန်ဖိုးပေးခြင်းကိုသာ ယုံကြည်ပါသည်။ ထို့ကြောင့် ယခုသင်တန်းသည် သင့်အားကူညီပေးရန်အတွက်ရည်ရွယ်ပြီး ဖန်တီးထားခြင်းဖြစ်ပါသည်။ သင့်ကျန်းမာရေးအတွက် မည်သို့အတိအကျဖြစ်မည် ၊ ရလဒ်ရမည်ဟုတော့ အတိအကျ အာမမခံပေးခြင်းသည် မှန်ကန်သည့်လမ်းစဉ်ဖြစ်ပါသည်။ သင့်ဘဝ၏ မည်သည့်အပိုင်းတွင် အားနည်းနေသည် ၊ ရင်ဆိုင်နေရသည်များကို ကျွန်တော်မသိနိုင်ပါ။ ကျွန်တော်သင်တန်းဖွင့်လှစ်ခြင်းရည်ရွယ်ချက်သည် သင့်အား ကျွန်တော့်အတွက် အကောင်းဆုံးအလုပ်ဖြစ်သည့်အရာများနှင့် .. ကျွန်တော်နှင့် နီးစပ်ရာမိတ်ဆွေများကိုလည်း အကျိုးဖြစ်စေခဲ့သည့် နည်းလမ်းများကို မျှဝေပေးခြင်းဖြင့် သင့်အား ကူညီပေးနိုင်ရန် ဖြစ်ပါသည်။ သင်တစ်သက်လုံးကျန်းမာသွားစေရမည်ဟု ကတိအာမခံမပေးနိုင်ပါ။ သင်တန်းတွင်ပါဝင်သည့် ဖော်ပြချက်များ ရလဒ်များသည် ယခင်အခြားသူများ၏ အကျိုးရလဒ်များကို ပြန်လည်မျှဝေခြင်းဖြစ်သဖြင့် အခြေအနေ တူညီမှုမရှိသည့် သင့်အနေဖြင့် ထိုကဲ့သို့သော ရလဒ်များအတိုင်း ရလိမ့်မည်ဟု မဆိုလိုပါ။ အသိပညာများကို ရရှိသွားပြီး မိမိကိုယ်ပိုင်ဘဝတွင် ကောင်းကျိုးဖြစ်ထွန်းသွားစေရန် မျှဝေခြင်းဖြစ်သဖြင့် မိမိအခြေအနေအလိုက် ချိန်ဆအသုံးပြုသွားခြင်းသည်သာ အသင့်လျော်ဆုံးဖြစ်ပါသည်။ ပိုမိုသိရှိလိုသည်များအတွက်ကိုလည်း အခါတိုင်းလိုပင် တတ်သိနားလည်ကျွမ်းကျင်သူများကို မေးမြန်းတိုင်ပင်သင့်ပါသည်။ သင့်အနေဖြင့် မေးမြန်းလိုသည်များ တစ်စုံတစ်ရာရှိခဲ့ပါကလည်း ကျွန်တော်တို့ chat box တွင် အချိန်မရွေး စာချန်ခဲ့နိုင်ပါသည်။ ယခု ကျွန်တော်တို့ website ထဲသို့ ဝင်ရောက်လည်ပတ်ခဲ့သည့်အတွက ်ကျေးဇူးတင်ပါသည်။ ပြန်လည်ဆုံတွေ့ဖို့ ရည်မှန်းလျက် ကျန်းမာချမ်းသာစွာဖြင့် နေ့ရက်များကို ဖြတ်သန်းနိုင်ပါစေကြောင်း ဆုတောင်းအပ်ပါသည်။

Close

50% Complete

Two Step

Lorem ipsum dolor sit amet, consectetur adipiscing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua.