ဝိတ်ကျဖို့ ဘာလုပ်ရမှန်း မသိတော့တဲ့အချိန် ဘာဆက်လုပ်မလဲ ?

အောက်ပါ ဗီဒီယိုလေးကို မိနစ် ၂၀ ခန့် အချိန်ယူကြည့်ကာ သင့်ဘဝတစ်လျှောက် အဆီကျစေမည့် အခွင့်အလမ်းသစ်တွေကို ရယူလိုက်ပါ။

 

Transform with Sayar Z - Online Class

8-week Body Transformation Challenge မှ သင်တန်းသူ၊ သင်တန်းသားများ၏ အမှတ်တရစကားများ

သင်တန်းစည်းမျဉ်းများ

ယခု Online သင်တန်းသည် နေ့ချင်းညချင်းပေါ်လာသည့် သင်တန်းမဟုတ်ပါ။
ယခုသင်တန်းဖွင့်လှစ်နိုင်ရန်အတွက် အချိန်ကာလ ၈နှစ်တာအတွင်း အဆီချနည်းပြအဖြစ် ကိုယ်တိုင်လုပ်ကိုင်ကာ စမ်းသပ်ပြောင်းလဲမှုများစွာ ပြုလုပ်ပြီးနောက် ရရှိခဲ့သည့် အကောင်းဆုံး နှင့် အလွယ်ကူအသင့်လျော်ဆုံးနည်းများကို ဆရာ Z မှ သင်ပြလမ်းညွှန်ပေးလိုခြင်းကြောင့် ဖွင့်လှစ်ထားသည့် အဆင်မြင့် online အဆီချ လေ့ကျင့်ရေး program ဖြစ်ပါသည်။
ဆိုးကျိုးများဖြစ်စေသော အဆီကျဆေးများသောက်စရာမလိုဘဲ အစားဖြတ်စရာလည်းမလိုအပ်ဘဲ ... သဘာဝနည်းများဖြင့် စားသောက်လေ့ကျင့်ကာ အဆီကျပြောင်းလဲစေမည့် လျှို့ဝှက်ချက်များကို မျှဝေပေးထားခြင်းဖြစ်ပါသည်။

ထို့ကြောင့် ယခုသင်တန်းတက်ရောက်ဖို့ စိတ်ဝင်စားပါက သင့်အနေဖြင့် အကောင်းဆုံးရလဒ်များကို ရရှိနိုင်ရန်အတွက် အောက်ပါအချက် ( ၇ ) ချက် ကို လိုက်နာမည်ဖြစ်ပါကြောင်း သဘောတူလက်ခံမှ တက်ရောက်ခွင့်ရမည်ဖြစ်ပါသည်။

(၁) တစ်ပတ်လျှင် အနည်းဆုံး ၅ရက် ဗီဒီယိုဖွင့်ကာ လေ့ကျင့်ခန်း လိုက်ပါလုပ်နိုင်ရပါမည်။
(၂) အရက်၊ ဘီယာ များကို လုံးဝရှောင်ကြဉ်ရပါမည်။
(၃) အချိုစာ သရေစာများကို ခွင့်ပြုရက်များမှ လွဲကာ လုံးဝရှောင်ရပါမည်။
(၄) အနည်းဆုံး တစ်နေ့လျှင် အိပ်စက်ချိန် (၇)နာရီပြည့်အောင် အိပ်နိုင်ရပါမည်။ ( မိမိမှာ ညအလုပ်လုပ်သူဖြစ်ပါက မနက်တွင် အိပ်ချိန်ပြန်ထားပေးရပါမည်။)
(၅) နေ့စဉ် ဝိတ် မချိန်ရပါ။ သတ်မှတ်ထားသည့်နေ့မှသာ ချိန်ရပါမည်။ ( အဆီကျပြောင်းလဲရေးဖြစ်သည့်အတွက် ကြိုးစားအားထုတ်မှုအရင်ပြုလုပ်ရပါမည်။ ရလဒ်သည် ဒုတိယအနေဖြင့် လိုက်ပါလာမည်ဖြစ်သည်။ ထို့ကြောင့် ဝိတ်သာ အဓိကကျပြီး သင့်ကို ကျစ်လစ်မှု ဗိုက်အဆီကျမှု မဖြစ်စေသည့် ဂျင်းသင်တန်းမဟုတ်ပါ။ အဟုတ်လုပ် .. အဟုတ်ပြောင်းလဲစေရပါမည်။ )
(၆) မိမိအဆီတက်လာခြင်းသည် မည်သူ၏အပြစ်မှ မဟုတ်ပါ။ မိမိပါးစပ်ထဲ ထည့်ပြီးစားသည့် မိမိသာလျှင် တရားခံဖြစ်သည်ကို လက်ခံသူဖြစ်ရပါမည်။
(၇) မြန်မြန်ပြောင်းလဲခြင်းကို မျှော်လင့်ခြင်းထက် .. " ငါသည် မဖြစ်ဖြစ်အောင် တစ်သက်လုံး ကြိုးစားရမည်ဆိုလျှင်တောင် ကြိုးစားမည့်သူ ဖြစ်သည် " ဟု ကြုံးဝါးနိုင်ရမည်။ သို့သော် မစိုးရိမ်ပါနှင့်။ သင်သည် ထိုစိတ်မြဲပါက တစ်သက်လုံး လုပ်စရာမလိုပါ။ ၂ လမှ ၆လအတွင်းပင် အားရစရာ ရလဒ်များကို ရရှိနေပြီဖြစ်သည်။ အရှုံးမပေး သည့်စိတ်ဓာတ်မွေးပါ။ ဖြစ်မလာသေးလျှင် လိုအပ်သလောက် မလုပ်ရသေးလို့သာ ဖြစ်သည်ကို လက်ခံကာ ကြိုးစားနေသူဖြစ်ဖို့ ဆုံးဖြတ်ထားရပါမည်။

Sayar Z's Fat Loss Program Results from Centers

အားတက်စရာပြောင်းလဲအောင်မြင်မှုတွေကို ကြည့်ရှုနိုင်ရန်အတွက် ောအက်ပါ ဗီဒီယိုအား လက်ဖြင့်တစ်ချက်နှိပ်လိုက်ရပါမည်။

 

သင်တန်းအကြောင်း

Online class ဖြစ်သည့်အတွက် မိမိအားတဲ့အချိန်မှာ ဖွင့်ပြီး လိုက်ပါလေ့ကျင့်ရုံဖြစ်ပါသည်။
ဗီဒီယိုတွေကို မနက် ၅နာရီကတည်းက member area website ထဲမှာ အပြီးတင်ပေးထားမှာဖြစ်ပြီး မိမိအားတဲ့အချိန်
လေ့ကျင့်ခန်းဗီဒီယိုကို ဖွင့်ကာ တစ်ရက် ၄၅မိနစ်လောက် လေ့ကျင့်ရမှာဖြစ်ပါသည်။

အစားသောက်လမ်းညွှန်မှုများလည်း ပါဝင်သည့်အတွက် အစားအသောက်လိုက်ပါဂရုစိုက်ဖို့လိုပါမည်။

သင်တန်းကာလမှာ 8week ဖြစ်ပြီး အတန်းပြီးသွားရင်လည်း နောက်၁နှစ်လောက်အထိ ဆက်ကြည့်နိုင်သေးသလို downloadလည်း ရနိုင်မှာမို့ နောင်မိမိဝိတ်ဆက်ချချင်တိုင်း သုံးလို့ရနေဦးမှာဖြစ်ပါသည်။

လက်ရှိ မိမိမှာ ဖုန်း နှင့် အင်တာနက် ရှိလျှင် စတင်ပါဝင်လေ့ကျင့်ကာ မိမိကျန်းမာရေး နှင့် အဆီကျလှပရေးကို ပြောင်းလဲနိုင်ပြီဖြစ်သည်။

(၈) ပတ်အတွင်း သင့်ကို အခြားလူတစ်ယောက်လိုဖြစ်အောင် ပြောင်းလဲပေးမည့် ...

Transform with Sayar Z - Online Class ၏

သင်တန်းကြေးနှင့် ဆက်သွယ်နိုင်သည့်ဖုန်းနံပါတ်ကို သိရှိနိုင်ရန် အောက်ပါအပြာရောင်ခလုတ်ကို တစ်ချက်နှိပ်လိုက်ပါ။

👉 ဒီနေရာကို နှိပ်ပါ
Close

50% Complete

Two Step

Lorem ipsum dolor sit amet, consectetur adipiscing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua.