Disclaimer

RESULTS DISCLAIMER :

ဖော်ပြပါ ရလဒ်ပုံများကြည့်ကာ သင်လည်း အားတက်ကောင်းအားတက်နေပေလိမ့်မည်။ သို့သော် Fit Life Project နှင့် Sayar Z မှ လမ်းညွှန်ချက်နည်းလမ်းများအားလုံးသည် လူတစ်ဦး နှင့် တစ်ဦး အပေါ်တွင် ထိရောက်အကျိုးဖြစ်မှု တူညီချင်မှ တူညီပါမည်။ ကျင့်သုံးလိုက်နာသူသည် မိမိ၏ လေ့ကျင့်စားသောက်မှု၊ မတူညီသောခန္ဓာကိုယ် တုန့်ပြန်ချက်များနှင့် အားထုတ်ကြိုးစားမှုပေါ်တွင် မူတည်ကာ ရလဒ်ရမည်ကိုလည်း သိရှိထားရပါမည်။ လေ့ကျင့်နေစဉ် အဆင်မပြေမှု မူးဝေမှုများဖြစ်ပါက ချက်ချင်းရပ်ရပါမည်။ အခြားသော လေ့ကျင့်ရေးပရိုဂရမ် နှင့် ကုထုံးများကဲ့သို့ ဖြစ်လာသမျှမှာ မိမိတာဝန်ဖြစ်ပါသည်။ ထို့ပြင် အမြန်နည်းလမ်း ဖြတ်လမ်းဖြင့် ရလဒ်ရလိုသူဖြစ်ပါကလည်း ယခုမန်ဘာကို လုံးဝမ၀င်လိုက်ပါနှင့်။ ကျွန်တော်တို့ နည်းလမ်းသည် ဘယ်အရာမှ အလကားမရပါ ဆိုသော စိတ်ထားမှန်ပြီး လိုချင်တာအတွက် အမှန် ပေးဆပ်အားထုတ်ကြိုးစားမည့်သူများအတွက်သာဖြစ်ပါသည်။ အောင်မြင်မှုတိုင်း၏နောက်ကွယ်မှာ ကြိုးစားမှုများတွဲပါလာသည်ကို သိထားရပါမည်။ ပုံပါပြောင်းလဲမှုများသည် ၂လမှ ၆လအတွင်းပြောင်းလဲသွားခဲ့သော်လည်း သင့်ကို သူတို့အတိုင်းအတိအကျပြောင်းလဲသွားမည် ဟု အာမခံပေးလို့မရပါ။ ပုံမှန်အားဖြင့် ခန္ဓာကိုယ်တစ်ခု လုံးဝ လုံးဝ သိသာစွာပြောင်းလဲသွားရန် (၂ လမှ ၃လ) အချိန်ပေးလေ့ကျင့်ရပါသည်။ ယခုထက်အချိန်နည်းသာလိုသည့်နည်းများသည် ဖြတ်လမ်းနည်းများဖြစ်ပြီး အချိန်တိုအတွင်း ဝိတ်အမြန်ပြန်တက်လာစေကာ လူကိုပိုဝစေတတ်သည်ကို အတွေ့များရလေ့ရှိသည်။ ၆ပတ်အတွင်း ကျနိုင်သည့်ပေါင်ချိန်မှာ - ပုံမှန်အားဖြင့် ၆ ပေါင် မှ ၁၅ပေါင် အတွင်းအကျများကြပြီး အစားအသောက်လိုက်နာမှု နှင့် လေ့ကျင့်အားထုတ်မှုပေါ်မူတည်ကာ ပေါင် ၃၀ ခန့်လည်းကျတတ်သည်ကိုတွေ့ရပါသည်။
ဘယ်လောက်ကျမလဲကို အာမမခံပေးခြင်းသည် သင်တန်းကိုအတင်းတက်ရန်မမှန်ကန်သော အဆွယ်စကားမပြောလိုခြင်းကြောင့်ဖြစ်ပြီး တကယ်လုပ်လျှင် မိမိကြိုးစားသလောက်အပြည့်အဝပြောင်းလဲနိုင်ကြောင်းကို မျက်မြင်အတွေ့များထားပြီးဖြစ်သောကြောင့် မန်ဘာဝင်ပြီးနောက် သင်ပြောင်းကိုပြောင်းလဲသွားမည်ကိုသာ အာမခံပါသည်။
သင်သာတကယ်ပြောင်းလဲချင်သူဖြစ်ရင် "၆ပတ် နဲ့ တကယ်ပိန်လား?" မေးမည်မဟုတ် ပြောမည်မဟုတ်။
သင်ပြောမယ့်စကားသည် " ပိန်ဖို့အချိန်ဘယ်လောက်ပေးရမလဲ? ၆ပတ် လား? ၆လ လား? အရေးမကြီးဘူး။ အခုစလုပ်လိုက်တာနဲ့ ငါပိန်ပြီပဲ။ အရေးကြီးတာ အဆုံးထိငါရောက်အောင်သွားမယ်။ ငါ့မှာ ခိုင်မာတယ့် စိတ်ဓာတ်ကောင်းတွေရှိတယ်" လို့ပြောလိမ့်မယ်။
ကဲ.. ရေရှည်မှာ ဘယ်လိုပြောသူက လုပ်သွားနိုင်မလဲကို မိတ်ဆွေ သိပြီးသားဖြစ်ပါလိမ့်မည်။ သင်ကော ဒုတိယလူပဲ ဖြစ်ချင်မည် မဟုတ်လား?

ယခုမှစကာ သင့်အကြောင်းသာ အဓိကဖြစ်တော့သည်။ သင်ဟာ ကျန်းမာရေးနှင့် ကြံ့ခိုင်လှပရေးကို ဘယ်လိုခံယူထားပါသလဲ ?

တကယ်လုပ်အဟုတ်ဖြစ်ရမည်ဆိုတယ့်သူ တစ်ယောက်လား ?

တကယ်လို့ သင့်ကိုယ်သင် သိထားပြီးနောက် ဘာဆက်လုပ်ရမလဲကိုပါ သိပြီးပြီဆိုလျှင်..

ဂုဏ်ယူပါတယ်။ သင့်ဘဝမှာ ပြောင်းလဲမှုကောင်းတွေ စတင်ဖစ်ပေါ်လာနေပြီမို့ပါ ။

 

Close

50% Complete

Two Step

Lorem ipsum dolor sit amet, consectetur adipiscing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua.